Pages

Saturday, February 23, 2013

မတ်လ ၁၅ ရက်မှာ Facebook ဇာတ်သိမ်းပြီ

/
Facebook ကိုလာမည့် မတ်လတွင် အဆုံးသတ် မည် ဖြစ်ကြောင်း Mark Zuckerberg က ကြေငြာ လိုက်သည်။ အဆိုပါ site ကို စီမံခန့် ခွဲရခြင်းသည် အလွန်စိတ်ဖိစီးလာ၍ ဖြစ်သည်။ " Facebook ကို ထိန်းချုပ် လို့ မရတော့ဘူး " ဟု Mark Zuckerberg က ကယ်လီဖိုးနီးယား ပြည်နယ်၊ ပယ်လိုအယ်တို ၌ ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တစ်ခု တွင်ပြောကြားခဲ့သည်။

" ဒီ ကုမ္ပဏီ ကို စီမန်ခန့် ခွဲရတဲ့ စိတ်ဖိစီးမှု ကြောင့် ကျွန်တော့် ဘ၀လည်း ပျက်ပြီ၊ ဒီရူးသွပ်မှု အားလုံးကို ကျွန်တော် အဆုံးသတ် ဖို့ လိုပါတယ် " ဟု ၄င်း က ဆက်လက်ပြော ကြားခဲ့သည်။ " မတ်လ ၁၅ ရက်ကျရင် Website တစ်ခုလုံး ပိတ်ပါပြီ " ဟု Facebook မှ နည်းပညာရေးရာ ဒုတိယ ဥက္ကဌ Avrat Humarthiက ပြောကြားသည်။ " ဒီတော့ ခင်ဗျားတို့  ကိုယ့်ပုံ ကိုယ် ပြန်မြင်ချင်သေးရင် ဒီပုံတွေကို အင်တာနက် ကနေ ဖယ်လိုက်တော့၊ Facebook လုပ်ငန်း ရပ်ဆိုင်း သွားရင် အဲဒီပုံတွေ ပြန်မရနိုင်တော့ဘူး" ဟု Avrat Humarthi က ဆက်လက်ပြောကြားခဲ့သည်။ ဤ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရကြောင်း၊ သို့ သော် ပြည်သူများ မကျေမလည် ကသိ အအောင့် ဖြစ်လိမ့် မည်ဟု မထင်ပါကြောင်း Mark Zuckerberg က ပြောကြားခဲ့သည်။

 
ရိုးရိုးပြောရရင် ပိုကောင်းဖို့ ဖြစ်လာတာလို့ ထင်ပါတယ်။ Facebook မရှိတော့ရင် လူတွေ အပြင်ထွက်ကြ မယ်။ တကယ့်လူသား မိတ်ဆွေသူငယ်ချင်းတွေရလာမယ်၊ ဒါဟာ ဘယ်တော့မဆိုကောင်းတာပဲလေ " ဟု Mark Zuckerberg က တယ်လီဖုန်းနှင့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။ ဒီထတ်လန့် တုန်လှုပ်ဖွယ် သတင်းကိုကြားတော့ Facebook သုံးစွဲသူ တစ်ချို့ ဟာ ဒေါသတကြီး ပေါက်ကွဲကြတယ်၊ Facebook မှ မရှိရင် ကျွန်တော်ဘာလုပ်ရမလဲ လို့  အင်ဒီယာနာ မှ အထက်တန်း ကျောင်းသား တစ်ဦးဖြစ်သူ ဒင်းနစ်ဘရက်ရှော က ပြောသည်။

New Mobile မှ ဖုန်းဈေးနှုန်း များ Posted by Myanmar Collection on 12:01 PM //




ပထမအပတ်အတွက် ဖုန်းဈေးနှုန်းများဖြစ်ပါတယ်။

New Mobile ဖုန်းဆိုင် မှ အောက်တိုဘာ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည့် ဈေးရောင်းပွဲတော်မှ ဖုန်း အထူးလျှော့ဈေးများကို တွဲဘက်ဖော်ပြ လိုက်ပါ တယ်။

ကွန်ပျူတာတွင် အသုံးပြုရန် နည်းလမ်း ဖုန်း Android Appများ ကို ကွန်ပျူတာတွင် အသုံးပြုရန် နည်းလမ်း

Android ဖုန်းပေါ်က Application တွေကို Window ပေါ်မှာ အသုံးပြုနိုင်အောင် ထောက် ပံ့ပေး တဲ့ ဆောဖ့်ဝဲနဲ့ နည်းလမ်းပေါင်း မြောက် များစွာ ရှိပါတယ်။ ယင်းနည်းလမ်းပေါင်းမြောက် များစွာထဲက Android ကို PC ( Windows , Mac) များမှာ အသုံးပြုရန် လွယ်ကူသော နည်းလမ်း နဲ့ ဆောဖ့်ဝဲကို မျှဝေပေး လိုက်ရပါတယ်။

အောက်ဖော်ပြ ပါလင့်ကနေ Software ကို ဒေါင်းလုပ်ရပါမယ်။

Windows OS ကွန်ပျူတာသများက PC ဆိုတာကို ရွေးချယ်ပြီး Apple user များကတော့ Mac ကိုရွေး ချယ်ရမှာ ဖြစ်ပါတယ်။ Software ကို Download ဆွဲရန် App ကတော့ ယူတာမကြာပါဘူး။ သို့ပေမယ့် ယင်းဆော့ဖ်ဝဲကို Run လုပ်ပြီး Install လုပ်တာတော့ ကော်နက်ရှင်အထိုက်အလျာက်ကြာနိုင်ပါတယ်။ စာရေးသူကတော့ ၅ မိနစ်စောင့်လိုက်ရပါတယ်။

Install လုပ်ပြီးပြီဆိုရင်တော့ သာမန် Android ဖုန်းတစ်လုံးအသုံးပြုသလို အသုံးပြုလို့ ရပါပြီ။ ဥပမာ- Facebook အသုံးပြုခြင်း၊ Android Application များ ဒေါင်းလုခ်ဆွဲ အသုံးပြုခြင်း တို့လိုမျိုး ဖြစ်ပါတယ်။ Offline အသုံးပြုချင် သူများကတော့ App တွေကို တစ်ခါတည်းဒေါင်းလုခ် ဆွဲသွားရ ပါမယ်။

သူကအလကားပေးတဲ့ Software ဖြစ်တဲ့အတွက် တစ်ခါခါ ကြော်ငြာဝင်တာကလွဲလို့ သုံးရတာ အဆင်ပြေပါတယ်။ စာဖတ်သူတို့ စမ်းသုံးလို့ရအောင် မျှဝေပေးလိုက်ရပါတယ်။

စာဖတ်သူတို့ဆီမှာ ဒီထက်ပိုကောင်းတဲ့ ဆော့ဖ်ဝဲနှင့် နည်းလမ်းများ ရှိပါက မျှဝေပေးစေလိုပါသေး တယ်။

ဖုန်း(Phone) လော့ကျရင် မပူပါနဲ့ .

မြန်မာလူမျိုးအများစုက ဖုန်းသာကိုင်တာ ပါ။ သေသေချာ ချာတော့မလေ့လာပါဖူး...

ဒါပေမယ့်လေ့လာလို့၇အောင် အလိမ်မခံ၇အောင် ဒါလေး တင်ပေးတာပါ။

ပထမတစ်ခါတင်သေးတယ်။ မေ၇ာက်တာလား။ အချိန် မလောက်လို့ ပိတ်လိုက်တော့ မတက်တော့တာလားတော့

မသိပါဖူး။ လက်တလောတော့ ဖုန်းအကြောင်းသိချင် သူတွေ မေးလို့၇ပါတယ်။ ကျနော်သိထား သလောက်တော့ပြောပြပါ မယ်။

အခုလတ်တလောပြောပြချင်တာက တစ်ခါတုန်းကကျနော်တင်ထားတဲ့ ဖုန်းလေးတွေလော့ချနည်းနဲ့ ပတ်သတ်နေပါတယ်

လူကြီးမင်းတို့ကိုပြောဖူးပါတယ်။ အဲ့တာက လော့တွေမှားချမိတဲ့သူတွေရှိပါတယ်။ အဲ့အတွက်ပြောပြ ချင်တာပါ။

အဲ့တုန်းကလေ့လာနေတုန်းမို့ ပြန်လည်မရှင်းပြနိုင်တာ ခွင့်လွတ်ပါလို့.............. 

အခုဖုန်းတွေမှာ ဖြစ်တက်တာက (ဖုန်းလော့နဲ့ (SIM)ကတ်လော့တွေမှားချမိတာပါ) အဲ့အတွက်တော့ မပူပါနဲ့တော့။

ကျနော်ရှင်းပြပါမယ်။ အစတုန်းကဆက်သွယ်ရေးကနေ ဖွင့်၇င်ပိုက်ဆံတောင်းပါတယ်။ တစ်ချို့ဆို ၅၀၀၀၀ လောက် ပေးရတယ်။ ဒါတွေမဖြစ်တော့ပေမယ့် သူတို့ကနောက်ထွက်တဲ့ (SIM)ကတ်တွေမှာ နံပတ်တွေပါမလာတော့ဖူး။

အ၇င်ဝယ်ထားတဲ့ဆင်းကတ်ရဲ့ (ချိုးတဲ့ကတ်အကြီးပေါ်မှာ)တွေမှာ နံပတ်လေးတွေပါတယ်။ အဲ့နံပတ်တွေ က(PUK-xxxxxxxxx)လို့ရေးထားတယ်။ အဲတာလေးတွေရိုက်လိုက်၇င်ပွင့်တယ်။ သူက၃ခါရိုက်၇တယ် ကိုယ်ကနံပတ် မမှတ်မိတော့၇င် ပထမတစ်ခါမှာ ၁၂၃၄၅ လို့ရိုက်လိုက်၇င် (PIN)ကနေ (PUK) လို့ ပြောင်း သွားပြီးမှ ၂ ခါနဲ့၃ ခါမြောက်ကျ၇င် (PUK) နံပတ်ကိုရိုက်လိုက် အဲတာဆိုဖုန်းပွင့်သွားလိမ့်မယ်။ ပြီးတော့မှ settting ထဲဝင်ပြီး (phone lock (or)security lock)ကိုဝင်ပြီး (SIM)(PIN 1)ကိုထပ် ၀င်ပြီးဖြေပေးပြီး(OFF)လိုက်မှ ပြီးတာနော်..။

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်း ပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါ လိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံ တွေ့ပြီး ဖြစ်ပါတယ်။
ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက် တာမျိုး မလုပ်သင့်ပါဘူး။
နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုး အနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်း နံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။
ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ် ထားတဲ့ အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။
အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထား တာ သိပ်မရှိပါဘူး။
အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူ တိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့် အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။
ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါ တယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေး တာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။
ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။
တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ် နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။
အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ် ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး.
အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။
အားလုံး အဆင်ပြေကြပါစေ.....။
TechSpace Journal မှကူးယူတင်ပြခြင်းဖြစ်ပါတယ်....

ဝင်းဒိုးတက်တာ ပိုမိုမြန်ဆန်စေမယ့်နည်းလမ်း (ဆော့ဝဲလ်မလို)

ဝင်းဒိုးတက်တာ ပိုမိုမြန်ဆန်စေမယ့်နည်းလမ်း (ဆော့ဝဲလ်မလို)
For - Window 7
စနေ ၊ တနင်္ဂနွေ တုန်းက အိမ်မှာသင်္ချာတွေ တွက်နေတာနဲ့ .. ဘလော့ပိုစ့်တွေသိပ်မတင်နိုင်ပါဘူး။
ဒီနေ့တော့ ဘလော့မိတ်ဆွေတို့ စိတ်ဝင်စားမယ့် နည်းလမ်းလေးတစ်ခုကိုတင်လိုက်ပါတယ်။
Window တက်တာ ပိုမိုမြန်ဆန်စေမယ့် နည်းပဲဖြစ်ပါတယ်။ အဆင့်နှစ်ဆင့်ပဲ လုပ်ရမှာပါ။
စိတ်ဝင်စားရင် အောက်စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ် ....
1. start ----> run သွားပြီး .....အဲဒိထဲမှာ msconfig လို့ရိုက်ထည့် enter ခေါက်။
 
Timeout ကွက်လပ်မှာ ကြိုက်တဲ့ အချိန်ထည့်ပါ ပြီးရင် Apply ကိုနှိပ် ပြီးရင် restart လုပ်ပါ။ 
 
နောက်တစ်နည်းကတော့ ......
2. ဝင်းဒိုး စတက်ချင်းမှာပဲ မလိုအပ်တဲ့ဖိုင်တွေ background မှာ run နေတာလည်း window တက်ချိန်ကိုကြာမြင့်စေပါတယ်။ အဲဒိတော့.... start ----> run ကိုသွားပြီး msconfig လို့ရိုက်ထည့် enter ခေါက်...
အပေါ်မှာပြထားတဲ့ပုံထဲကအတိုင်လုပ်လိုက်ပါ။ ဒါဆိုရင်တော့ window တက်တာအရင်ထက်ပိုမိုမြန်ဆန် လာတာကိုတွေ့ရပါလိမ့်မယ်။
 
Powered by Blogger